Lee Min Ho ကို ဘယ်လိုဇာတ်လမ်းတွဲသစ်မှာ ပြန်လည်မြင်တွေ့ရမှာလဲ?
Lee Min Ho ကို ဘယ်လိုဇာတ်လမ်းတွဲသစ်မှာ ပြန်လည်မြင်တွေ့ရမှာလဲ?

တောင်ကိုရီးယားမင်းသားချောလေး Lee Min Ho ရဲ့ ဇာတ်လမ်းတွဲသစ်တွေမျှော်လင့်စောင့်စားနေတဲ့ပရိသတ်ကြီးအတွက် သတင်းကောင်းလေးတစ်ခုပါပဲ။
စစ်မှုထမ်းရာကနေပြန်လာပြီးနောက် Lee Min Ho ဟာ သူ့ရဲ့ပထမဆုံးဇာတ်လမ်းတွဲအဖြစ် ‘The King: The Everlasting Monarch’ ဇာတ်လမ်းတွဲသစ်မှာ
ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ဖို့လက်ခံအတည်ပြုလိုက်ပြီလို့သိရပါတယ်။The King: The Everlasting Monarch’ ဇာတ်လမ်းရဲ့ဇာတ်ညွှန်းဆရာ Kim Eun Sook ဟာ The Heirs ဇာတ်လမ်းကိုလည်းရေးသားခဲ့သူဖြစ်ပါတယ်။
မေလ ၇ရက်နေ့က Hwa & Dam Pictures ကနေ တရားဝင်အတည်ပြုခဲ့တာဖြစ်ပြီး ဒါဟာ ဒုတိယအကြိမ် Lee Min Ho နဲ့ Kim Eun Sook တို့
ပြန်လည်လက်တွဲအလုပ်လုပ်တဲ့ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

Kim Eun Sook ဟာ ‘The Heirs’ ဇာတ်လမ်းတွဲသာမက နာမည်ကျော်ဇာတ်လမ်းတွဲတွေဖြစ်ခဲ့တဲ့ ‘Descendants of the Sun’ ၊ ‘Goblin (Guardian: The Lonely and Great God)’ ၊’Secret Garden’ ၊ ‘Mister Sunshine’ စတဲ့ဇာတ်လမ်းတွဲတွေရဲ့ဇာတ်ညွှန်းရေးဆရာလည်းဖြစ်ပါတယ်။ဒီတော့ အခုဇာတ်လမ်းတွဲသစ် ‘The King: The Everlasting Monarch’ ဟာလည်း စိတ်ဝင်စားဖို့မကောင်းမှာမပူရပါဘူးနော်။‘The King: The Everlasting Monarch’ ဇာတ်လမ်းကို ‘Descendants of the Sun’ ဒါရိုက်တာ Paek Sang Hoon ရိုက်ကူးမှာဖြစ်တယ်လို့သိရပြီး
ဇာတ်လမ်းပုံစံဟာ ကမ္ဘာနှစ်ခု ဘ၀နှစ်ခုအကြောင်းစိတ်ကူးယဉ်ပုံဖော်ရိုက်ကူးသွားမယ့်ပုံစံဖြစ်ပါတယ်။ဇာတ်လမ်းအသေးစိတ်နဲ့တစ်ခြားသောသရုပ်ဆောင်
တွေကိုတော့ ကြေညာခြင်းမရှိသေးပါဘူး။ ‘The King: The Everlasting Monarch’ ဇာတ်လမ်းတွဲကို ၂၀၂၀ အစပိုင်းမှာ ထုတ်လွှင့်ပြသနိုင်ဖို့
စီစဉ်ထားတယ်လို့လည်းသိရပါတယ်။မင်းသား Lee Min Ho အပြင် တစ်ခြားဘယ်သူတွေပါဝင်လာဦးမလဲဆိုတာ အတူတူဆက်ပြီးစောင့်မျှော်လိုက်ရအောင်…

#crd

 

မှတ်တမ်းများ (0)

လာမည့်သတင်းများ

အမျိုးအစားများ